Thursday, January 16, 2014

ဟာသ

မန်မာသက္ကရာဇ် (၁၃၇၄) ခုနှစ်၊ မဟာသင်္ကြန်စာ

                                                              
အောင်ဇေယတုသဗ္ဗမင်္ဂလာ။           ။မြန်မာ သက္ကရာဇ် - ၁၃၇၄ ခု၊ နှောင်း တန်ခူး လဆန်း (၄) ရက်၊ ၂၀၁၃ ခုနှစ်၊ဧပြီလ
(၁၄) ရက်နေ့တွင် မဟာသင်္ကြန်ကျလတ္တံ့။သိကြားမင်းသည်သဘောင်္ချကားကိုစီး၍
tablet နှင့်ဂိမ်းဆော့ရင်းဆင်းလာမည်။
နှစ်သစ်တွင်သူဌေးသူကြွယ်တို့ ချမ်းသာအံ့။
လူငယ်အများစု အရက်မူး၍မြူးလတ္တံ့။
လူငယ်အနည်းစု ဒုလ္လဘရဟန်းဝတ်လတ္တံ့။
မြန်မာမိန်းကလေးများ ဆံပင်ကိုအရောင်ခြယ်၍ အကွဲအပြဲများ၊ မလုံ့တလုံများဝတ်၍ ကဲလတ္တံ့။
မန္တလေးကျုံးဘေးနှင့် ဦးပိန်တံတား စည်ကားလတ္တံ့။
အရက်ဆိုင်၊ဘီယာဆိုင်များ ပစ္စည်းပြတ်သည်အထိရောင်းကောင်းလတ္တံ့။
နှစ်သစ်တွင် GSM မိုဘိုင်းလ် ဖုန်းများဈေးကျ လတ္တံ့။
ကွန်နက်ရှင်လိုင်းများ၊ ဖုန်းလိုင်းများ အထူးညံ့မည်။
ဤကား..မဟာသင်္ကြန်စာ အကျဉ်းချုပ်ဖြစ်သည်။
ဗေဒင်ဟောစာတမ်း
တနင်္ဂနွေသားသမီးများသည် ဤနှစ်တွင် အထူး ကံကောင်းမည်။ မည်သူ့ကိုမျှ ငွေးကြေး အာမခံခြင်း၊ ပိုက်ဆံချေးခြင်းများ
မပြုလုပ်ပါနှင့်။ ပြန်မပေးလျှင် ဆုံးရှုံးမည်။ နားလည်မှုလွဲ၍ချစ်သူနှင့်လမ်းခွဲရတတ်သည်။         
ယတြာ။           ။တနင်္ဂနွေနေ့တွင် တင်ပါး၌ တောက်တဲ့ပုံ တက်တူးထိုးပါ။

တနင်္လာသားသမီးများသည် ဤနှစ်တွင် လုပ်သမျှ အောင်မြင်မည်။ အိမ်ရှေတွင် လမ်းပြင်လျှင် ရေတိုက်၍ ကုသိုလ်လုပ်ပါ။
ကုသိုလ်ရမည်။  ချစ်သူနှစ်ဦး ရန်ဖြစ်လိုက်  ပြန်ချစ်လိုက်ဖြစ်တတ်သည်။ မုန့်လုံးရေပေါ်စားလျှင် သတိထားပါ။ ငရုပ်သီးနှင့်
ညားတတ်သည်။
ယတြာ။         ။ တနင်္လာနေ့တိုင်း တောင်ပေါ်သို့ တင်ပလ္လင်ခွေ၍ တက်ပါ။

အင်္ဂါသားသမီးများသည်   ပညာရေးတွင်ကြိုးစားလျှင် ကြိုးစားသလောက် အောင်မြင်မည်။ အင်္ဂါ မစုံသော ကလေးသူငယ်
များကိုထောက်ပံ့မှုပြုပါ။ ကြားလူ များကြောင့် ချစ်သူနှစ်ဦး အချေအတင်ပြောရတတ်သည်။

ယတြာ။         ။အဂါင်္နေ့တိုင်း အင်္ဂါစုံသော ခြင်္သေ့တစ်ကောင်နှင့် နပန်းလုံးပါ။

ဗုဒ္ဓဟူးသားသမီးများသည် ဤနှစ်တွင် အရာရာအဆင်ပြေမည်။ အွန်လိုင်းတွင်ချစ်သူရကိန်းမြင်သည်။ ကွန်ပျူတာကြာကြာ
သုံးပါက မျက်စိမှုန်၍ အညောင်းမိမည်။ ချစ်သူနှစ်ယောက်ကြား ဗျာများနေရတတ်သည်။
ယတြာ။         ။ဗုဒ္ဓဟူးနေ့တိုင်း   Elephant မာဆပ်သို့သွား၍ ဆင်အနင်းခံပါ။

ကြာသပတေးသားသမီးများသည် ဤနှစ်တွင် အထူးပျော်ရွှင်ရလိမ့်မည်။ အင်တာနက်တွင် နိုင်ငံခြားမှသူငယ်ချင်းများနှင့်
စကားပြောရမည်။ အခန့်မသင့်လျှင် ရန်ဖြစ်ရမည်။ ချစ်သူအသစ်စက်စက်များဝင်ကိန်းရှိသည်။ အရွေးမတော်လျှင် တစ်ခု
လပ်နှင့် ညားမည်။
ယတြာ။        ။ကြာသပတေးနေ့တွင် ကြွက်အရှင်တစ်ကောင်အား ကြိုးနှင့်ချည်၍ လည်ပင်းတွင်ဆွဲထားပါ။

သောကြာသားသမီးများသည် ဤနှစ်တွင် ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်မည်။ သက်ကြီးရွယ်အိုများအား ဆေးဝါး
လှူပါ။ အနာကင်းမည်။ သောကြာဂြိုလ်သို့သွားရကိန်းမြင်သည်။ အတွဲချောင်းကံရကိန်းမြင်သည်။
ယတြာ။        ။သောကြာသားသမီးများ သောကြာနေ့တိုင်း သေးမပေါက်ပါနှင့်။

စနေသားသမီးများသည် ဤနှစ်တွင်ကံကောင်းမည်။ ထီထိုးပါ။ သင်ထိုးသော ဂဏန်းထွက်လျှင်ထီပေါက်မည်။သက်ဦးစနေ
မီးလိုမွှေ၊ စနေနေတတ် မီးလိုဖျက် ဆိုသည့်စကားများကို မယုံကြည်ပါနှင့်။ ကိုယ်လုပ်မှ ကိုယ်ဖြစ်တာပါ။ စနေနံ ရည်းစားရ
ကိန်းမြင်သည်။ လက်ရှိချစ်သူနှင့် အဆင်မပြေဖြစ်တတ်သည်။
ယတြာ။          ။ စနေနေ့တိုင်း စောငမန်းနှင့်ချိန်း၍ လက်ဝှေ့ထိုးပါ။

ဗေဒင်အကျော်အမော် လူပျိုတော်ဟောကြားသည်။ ဟာသ(ကိုယ်တိုင်ရေးသင်္ကြန်စာ)
credit:မြန်မာချစ်သူမိသားစု

No comments:

Post a Comment